တရားဝင် စုပေါင်းစီမံခန့်ခွဲရေးအဖွဲ့အစည်း
တေးသီချင်း မူပိုင်ခွင့်ကိုကာကွယ်စောင့်ရှောက်ရန်
မြန်မာနိုင်ငံတေးသီချင်းမူပိုင်ထုတ်လုပ်သူများအသင်း (MMCO) သည် အဖွဲ့ဝင်များ၏ မူပိုင်ခွင့်များကို ပြည်တွင်းပြည်ပတွင် ကိုယ်စားပြု ကာကွယ်ပေးပြီး မူပိုင်ခများကို ကောက်ခံ၍ ပိုင်ရှင်များထံ ပြန်လည် ခွဲဝေပေးသော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်း ဖြစ်ပါသည်။
အကျဉ်းချုပ်
- တည်ထောင်မှု
- စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၆၀(က)
- လုပ်ငန်းလုပ်ကိုင်ခွင့်
- ပုဒ်မ ၆၂(က) အရ စုပေါင်းစီမံခန့်ခွဲရေးအဖွဲ့
- သဘောသဘာဝ
- အကျိုးအမြတ် မယူသော အဖွဲ့အစည်း
- ခွဲဝေမှု
- သုံးလလျှင် တစ်ကြိမ်
ရည်ရွယ်ချက်
အသင်း ဆောင်ရွက်သည့် အလုပ်
အသင်း၏ ရည်ရွယ်ချက် လေးရပ်။
-
အဖွဲ့ဝင်များ၏ မူပိုင်ခွင့်များကို ပြည်တွင်းသာမက ပြည်ပတွင်ပါ မူပိုင်ခွင့်ပိုင်ရှင်များကိုယ်စား စနစ်တကျနှင့် ကာကွယ်စီမံခန့်ခွဲပေးရန်။
-
မူပိုင်ခွင့်ရှိသူများ၊ ဆက်စပ်မူပိုင်ခွင့် အခွင့်အရေးရှိသူများအကျိုးအတွက် စီမံခန့်ခွဲပေးရန်။
-
မူပိုင်ခွင့်များအား မူပိုင်ခွင့်ပိုင်ရှင်များကိုယ်စား မူပိုင်ခများ ကောက်ခံခြင်း၊ ဖြန့်ဝေခြင်းများအား စီမံဆောင်ရွက်ရန်နှင့် ပြည်တွင်းပြည်ပရှိ CMO များနှင့် ပူးပေါင်းဆောင်ရွက်ရန်။
-
အကျိုးအမြတ်မယူသော အဖွဲ့အစည်းအဖြစ် ဆောင်ရွက်ရန်။
သတ်မှတ်ချက်များ
မူပိုင်ခ ကောက်ခံခြင်းနှင့် ခွဲဝေခြင်းဆိုင်ရာ စည်းမျဉ်းများကို ဘုတ်အဖွဲ့မှ အတည်ပြု၍ အများပြည်သူ သိရှိနိုင်ရန် ဖော်ပြထားပါသည်။
အသင်းဝင်ခြင်း
တေးသီချင်း မူပိုင်ထုတ်လုပ်သူများ၊ တေးရေး၊ တေးဆို၊ တီးဝိုင်းနှင့် ထုတ်လုပ်ရေးလုပ်ငန်းများ အသင်းဝင်အဖြစ် လျှောက်ထားနိုင်ပါသည်။