MMCO
အသင်းအကြောင်း
မြန်မာနိုင်ငံတေးသီချင်းမူပိုင်ထုတ်လုပ်သူများအသင်း (MMCO) သည် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေအရ ဖွဲ့စည်းထားသော စုပေါင်းစီမံခန့်ခွဲရေးအဖွဲ့အစည်း ဖြစ်ပါသည်။
နိဒါန်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ဂီတနှင့်ပတ်သက်၍ မိမိတို့ကျွမ်းကျင်ရာ တေးသီချင်းများအား ထုတ်လုပ်ဖြန့်ဖြူးခြင်းဖြင့် နိုင်ငံတော်၏အကျိုးကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးဆောင်ရွက်နေကြသူများ ဖြစ်ကြပါသည်။
ထိုသို့ ပံ့ပိုးဆောင်ရွက်နေသော တေးသီချင်းမူပိုင်ထုတ်လုပ်သူများသည် ငွေကြေးအရင်းအနှီး စိုက်ထုတ်၍သော်လည်းကောင်း၊ စီစဉ်ဖန်တီးမှုအနုပညာများဖြင့် ဝါယမစိုက်ထုတ်၍သော်လည်းကောင်း ပံ့ပိုးဆောင်ရွက်နေသူများဖြစ်ကြပါသည်။
ထိုသို့ ပံ့ပိုးမှုကြောင့် ပြည်ထောင်စုမပြိုကွဲရေးနှင့် တိုင်းရင်းသားချစ်ကြည်ရေး၊ ပြည်သူများ၏ အသိအမြင်အတွေးအခေါ် ကျယ်ပြန့်ရေးနှင့် အမျိုးသားရေးယဉ်ကျေးမှုဘဝတိုးတက်စေရေးတို့တွင် အထောက်အကူပြုခဲ့ပါသည်။
ရည်ရွယ်ချက်
ခေတ်အဆက်ဆက်တွင် ဂီတလောကသားများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်နှင့် ဂီတလောကသားများ၏ ရေရှည်အကျိုးစီးပွားကို ရည်ရွယ်၍ ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ မြန်မာ့ဂီတလုပ်ငန်းစဉ်များအားလုံး စည်းစနစ်ကျစွာ ခေတ်မီတိုးတက်စေရန်နှင့် နိုင်ငံတကာ ဂီတကွန်ရက်များနှင့် ချိတ်ဆက်ဆောင်ရွက်ရန် ဖြစ်ပါသည်။
- က အဖွဲ့ဝင်များ၏ မူပိုင်ခွင့်များကို ပြည်တွင်းသာမက ပြည်ပတွင်ပါ မူပိုင်ခွင့်ပိုင်ရှင်များကိုယ်စား စနစ်တကျနှင့် ကာကွယ်စီမံခန့်ခွဲပေးရန်။
- ခ မူပိုင်ခွင့်ရှိသူများ၊ ဆက်စပ်မူပိုင်ခွင့် အခွင့်အရေးရှိသူများအကျိုးအတွက် စီမံခန့်ခွဲပေးရန်။
- ဂ မူပိုင်ခွင့်များအား မူပိုင်ခွင့်ပိုင်ရှင်များကိုယ်စား မူပိုင်ခများ ကောက်ခံခြင်း၊ ဖြန့်ဝေခြင်းများအား စီမံဆောင်ရွက်ရန်နှင့် ပြည်တွင်းပြည်ပရှိ CMO များနှင့် ပူးပေါင်းဆောင်ရွက်ရန်။
- ဃ အကျိုးအမြတ်မယူသော အဖွဲ့အစည်းအဖြစ် ဆောင်ရွက်ရန်။
လုပ်ငန်းစဉ်
- က နိုင်ငံတော်၏ ဦးဆောင်လမ်းညွှန်မှုဖြင့်ပြုလုပ်သော အမျိုးသားလုပ်ရှားမှုများတွင် ဂီတပညာရှင်များ၏ ပါဝင်စည်းမျှမှုကို ယူရယူ၍ ပြည်သူများနှင့်တသားတည်း အတူလက်တွဲပါဝင် ဆောင်ရွက်ရန်။
- ခ အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေး လုပ်ငန်းများတွင် တေးဂီတမူပိုင်ခွင့်နှင့် ဆက်နွယ်သောလုပ်ငန်းများဖြင့် ပါဝင်ကူညီပေးရန်။
- ဂ တေးဂီတအနုပညာရှင်များ အတတ်ပညာရှင်များအတူ တေးဂီတထုတ်လုပ်သူများ၏ မူပိုင်ခွင့်၊ ပိုင်ဆိုင်ခွင့်နှင့် တရားဝင် ရသင့်ရထိုက်သည့် အခွင့်အရေးများကို တည်ဆဲဥပဒေများနှင့်အညီ ကူညီဆောင်ရွက် အကောင်အထည်ဖော်ရန်။
- ဃ ဂီတလောကသားများအားလုံး၏ သာရေး၊ နာရေးနှင့် လူမှုရေးကိစ္စတို့တွင် ကူညီပါဝင် ဆောင်ရွက်ပေးရန်နှင့် ဂီတလောကဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တေးဂီတသင်တန်းများ၊ ဟောပြောပွဲများကို ပြည်တွင်းပြည်ပ အနုပညာရှင်များနှင့် အခါအားလျော်စွာ ပူးပေါင်းကျင်းပဆောင်ရွက်ရန်။
- င သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ၊ အနုပညာဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်။
အမည်၊ တံဆိပ်၊ တည်နေရာနှင့် ဆောင်ပုဒ်
- အမည် (မြန်မာ)
- မြန်မာနိုင်ငံတေးသီချင်းမူပိုင်ထုတ်လုပ်သူများအသင်း
- အမည် (အင်္ဂလိပ်)
- Myanmar Music Content Organization
- အတိုကောက်
- MMCO
- ဆောင်ပုဒ်
- ဂီတမြင့်မား ပြည့်အင်အား
- တည်နေရာ
- 10-01, Crystal Tower, ကြည့်တော်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
တံဆိပ်အမှတ်အသား၏ အဓိပ္ပာယ်မှာ — ဓာတ်ပြားသည် တေးထုတ်လုပ်သူများ၏ သီချင်းများ ထုတ်လုပ်ခြင်းစတင်မှမှ ယနေ့ခေတ်ကာလအထိ ရေရှည်သုံးစွဲနေရသည့် ပစ္စည်းတစ်ခုဖြစ်ကြောင်း၊ မည်သူမျှ မငြင်းနိုင်သော ရုပ်ဝတ္ထုတစ်ခုဖြစ်ပြီး ဖန်တီးထားသောတေးသီချင်းများအား ရေရှည်တည်တံ့ခိုင်မြဲအောင် လက်ဆင့်ကမ်း သယ်ယူပေးခဲ့သော အရာဝတ္ထုတစ်ခုဖြစ်သည့် အဓိပ္ပာယ်ကို ဖော်ဆောင်သည်။