ဤသည် MMCO ၏ တရားဝင် ဝက်ဘ်ဆိုက် ဖြစ်ပါသည်။ ဘာသာစကားEnglish

MMCO

မူပိုင်ခ ကောက်ခံခြင်း

မူပိုင်ခ ကောက်ခံသည့် သတ်မှတ်ချက်များ — ဘုတ်အဖွဲ့ဝင်များ၏ ဆွေးနွေးဆုံးဖြတ်ချက်များဖြင့် ချမှတ်ထားပါသည်။

အဖွင့်နိဒါန်း

  1. ၁.က မြန်မာနိုင်ငံတေးသီချင်းမူပိုင်ထုတ်လုပ်သူများအသင်း (နောင်တွင် “MMCO” ဟု ရည်ညွှန်းမည်) ကို စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၆၀(က) အရ တည်ထောင်ထားပါသည်။
  2. ၁.ခ “MMCO” သည် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ ပုဒ်မ ၆၂(ဂ) အရ MMCO ၏ အသင်းဝင်မူပိုင်ခွင့်ပိုင်ရှင်များထံ မူပိုင်ခအကျိုးခံစားခွင့်များ ဖြန့်ဝေခြင်းအတွက် လုပ်ဆောင်နေပါသည်။
  3. ၁.ဂ MMCO သည် အဖွဲ့ဝင်များ၏ မူပိုင်ခွင့်ဆိုင်ရာ ပိုင်ဆိုင်မှုများနှင့် အဖွဲ့ဝင်များမှ ပေးအပ်ထားသော ၎င်းတို့၏ အခွင့်အရေးများကို အပြန်အလှန် သဘောတူညီချက်များဖြင့် စီမံခန့်ခွဲပါသည်။
  4. ၁.ဃ မိမိအဖွဲ့အစည်းထံ အပ်နှံထားသော တေးသီချင်းများအတွက် မူပိုင်ခများကို ကောက်ခံရန် ရည်ရွယ်ချက်ဖြင့် မူပိုင်ခကောက်ခံခြင်းဆိုင်ရာ သတ်မှတ်ချက်များကို ဘုတ်အဖွဲ့ဝင်များ၏ ဆွေးနွေးဆုံးဖြတ်ချက်များဖြင့် ချမှတ်ဆောင်ရွက်ပါသည်။ လိုအပ်ပါက ပြင်ဆင်ဆောင်ရွက်ပါမည်။

မူပိုင်ခကောက်ခံခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ

  1. ၂.က အဖွဲ့အစည်းတွင် ထုတ်ဝေသူအဖွဲ့ဝင်များသည် သီချင်းအသစ်နှင့် ထုတ်ဝေပြီးသည့် သီချင်းစာရင်း နှစ်ခုလုံးအတွက် MMCO သို့ သီချင်းကက်တလောက်ကို ပေးခြင်း သို့မဟုတ် ကြိုတင်အကြောင်းကြားရန် အရေးကြီးပါသည်။ သီချင်းကို ထုတ်ဝေပြီးသည့်အခါတွင်ဖြစ်စေ သို့မဟုတ် မီဒီယာထံသို့ ဖြန့်ချိချိန်တွင်ဖြစ်စေ ပြုလုပ်ပြီးနှင့် စောနိုင်သမျှ စောလျင်စွာ MMCO သို့ အကြောင်းကြားရမည်ဖြစ်သည်။
  2. ၂.ခ အကြောင်းကြားချက်ကို လက်ခံရရှိပြီးနောက် MMCO သည် မူပိုင်ခကောက်ခံနိုင်ရန် သဘောတူထားသည့် Aggregator များမှတဆင့် သီချင်းသုံးစွဲမှုရှိသည့် အဖွဲ့အစည်းများအား သုံးစွဲခွင့်ပြုခြင်း၊ မူပိုင်ခအကျိုးခံစားခွင့်များအား ပြန်လည်ကောက်ခံနိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်ရမည်။
  3. ၂.ဂ MMCO သည် တေးသီချင်းများကို အသုံးပြုသည့် မီဒီယာများဖြစ်သည့် Application, YouTube, International Streaming (Apple Music, Spotify, Tidal စသည်တို့) အလိုက် မူပိုင်ခများအား ကောက်ခံရမည်။

တိုက်ရိုက်ဖျော်ဖြေခြင်းဆိုင်ရာ မူပိုင်ခွင့်လုပ်ငန်းများ

  1. ၃.က MMCO နှင့် MMCO ဖြင့် ချိတ်ဆက်ဆောင်ရွက်နေသော ကုမ္ပဏီများ သို့မဟုတ် Aggregators များသည် အောက်ပါတို့ကို လုပ်ဆောင်မည်ဖြစ်သည် —
  • လိုင်စင်ပေးခြင်းဝန်ဆောင်မှုကို ဆောင်ရွက်ခြင်း။
  • ဒေတာစုဆောင်းခြင်းဝန်ဆောင်မှုများကို ဆောင်ရွက်ခြင်း။
  1. ၃.ခ တိုက်ရိုက်တင်ဆက်မှုတစ်ခုစီတိုင်းကို စုဆောင်းရန် လုံလောက်သော အချိန်ရရှိရန် တိုက်ရိုက်တင်ဆက်မှုပြုလုပ်မည့်နေရာများ၊ အစီအစဉ်တော်စာရင်း၊ တီးဝိုင်းစာရင်းနှင့် သီချင်းများစာရင်း စသည့် သင့်လျော်သော အချက်အလက်များဖြင့် တိုက်ရိုက်တင်ဆက်မှုမှတိုင်းမီ သုံးစွဲလိုသူများမှ MMCO အား အကြောင်းကြားရန် တိုက်တွန်းအပ်ပါသည်။

မူပိုင်ခကောက်ခံသည့် အမျိုးအစားသတ်မှတ်ချက်များ

  1. ၄.က Related Rights Royalties — မူပိုင်ထုတ်လုပ်ထားသော တေးသီချင်းများကို စီးပွားရေးအလို့ငှာ အသုံးပြုသော လုပ်ငန်းများမှ Related Rights Royalties များကို ကောက်ခံသွားပါမည်။ ဥပမာ —
  • FM ရေဒီယို များတွင် အသုံးပြုခြင်း။
  • သီချင်းဆိုပြိုင်ပွဲ များတွင် အသုံးပြုခြင်း။
  • ရုပ်မြင်သံကြားဌာန များတွင် ထုတ်လွှင့်ခြင်း။
  • အခမ်းအနား များတွင် တေးသီချင်းဖွင့်လှစ်ခြင်း။
  • ဈေးဝယ်စင်တာ များတွင် တေးသီချင်းဖွင့်လှစ်ခြင်း။
  • ကာရာအိုကေဆိုင် များတွင် တေးသီချင်းများအသုံးပြုခြင်း။
  1. ၄.ခ Mechanical Royalties — Physical ဖြန့်ဖြူးထုတ်ဝေမှုအတွက် ကြိုတင်အခကြေးငွေနှင့် ဒစ်ဂျစ်တယ် ဖြန့်ဖြူးထုတ်ဝေခြင်း (Non-interactive, interactive, digital download)။
  2. ၄.ဂ Synchronization Royalties — ရုပ်ရှင်များတွင် ရှိပြီးသော သီချင်းများအား အသုံးပြုခြင်းအတွက် ကြိုတင်အခကြေးငွေများနှင့် လက်ရှိသီချင်း၊ လက်ရှိဗားရှင်း၏ တေးသံသွင်းမူပိုင်ခ ကြိုတင်အခကြေးငွေများ။
  3. ၄.ဃ Printing Royalties — MMCO အဖွဲ့ဝင်တစ်စီဦး၏ သီချင်းများပါရှိသော သီချင်းစာအုပ်ကို ဖြန့်ချိထုတ်လုပ်ခြင်း။

မူပိုင်ခကောက်ခံမည့် နှုန်းထားများ

FM ရေဒီယိုများတွင် အသုံးပြုခွင့်ပေးထားသည့် သီချင်းများ
၁ ကြိမ် သုံးစွဲပါက ၇၅၀ ကျပ်
ကာရာအိုကေဆိုင်များ (အခန်း ၁ ခန်းလျှင်)
တစ်နေ့ ၂,၀၀၀ ကျပ်

ယင်းအနုပညာကြေးတွင် ရေး၊ ဆို၊ တီး၊ ဖမ်း၊ ထုတ်လုပ် အပါအဝင်ဖြစ်သည်။

  1. ၅.ဂ MMCO မှ မူပိုင်ခကောက်ခံသည့် အမျိုးအစားသတ်မှတ်ချက်များပါ သီချင်းဆိုပြိုင်ပွဲများ၊ ရုပ်မြင်သံကြားဌာနများ၊ အခမ်းအနားများ၊ ဈေးဝယ်စင်တာများတို့တွင် အသုံးပြုခွင့်ပေးထားသည့် သီချင်းများနှင့် ပတ်သက်၍ အခြားသော မိတ်ဖက် CMO အဖွဲ့များနှင့် တိုင်ပင်၍ သုံးစွဲမှုအခြေအနေအပေါ်မူတည်ပြီး ကောက်ခံမည့်နှုန်းထားများ သတ်မှတ်ပါမည်။
  2. ၅.ဃ MMCO ၏ စည်းမျဉ်းစည်းကမ်းများ၊ မူပိုင်ခကောက်ခံသည့်သတ်မှတ်ချက်များအပါအဝင် အခါအားလျော်စွာ ထုတ်ပြန်ချက်များအား အသင်း Website ဖြစ်သော myanmarmusiccontent.org တွင် အများသိရှိနိုင်ရန် ကြေညာပေးသွားမည်ဖြစ်ပါသည်။