ဤသည် MMCO ၏ တရားဝင် ဝက်ဘ်ဆိုက် ဖြစ်ပါသည်။ ဘာသာစကားEnglish

MMCO

ဘုတ်အဖွဲ့နှင့် ရုံးအဖွဲ့

အသင်း၏ ဘုတ်အဖွဲ့နှင့် ရုံးလုပ်ငန်းအဖွဲ့။ ဘုတ်အဖွဲ့ကို အဖွဲ့ဝင်များထဲမှ (၅) နှစ် တစ်ကြိမ် ရွေးချယ်တင်မြှောက်ပါသည်။

ဘုတ်အဖွဲ့

  • နာယက

    ဦးသန်းလွင် · ဦးထိုက်

    ဥက္ကဋ္ဌအပါအဝင် ဘုတ်အဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်များအား စည်းကမ်းတကျဖြစ်စေရေးနှင့် အဖွဲ့ဝင်အားလုံး၏ အကျိုးစီးပွားအား သာတူညီမျှဖြစ်စေရေး အကြံပေးဆောင်ရွက်သည်။

  • ဥက္ကဋ္ဌ

    ဦးကိုကိုလွင်

    ဘုတ်အဖွဲ့ဝင်များ၏ တာဝန်များအား ခွဲဝေသတ်မှတ်ပေးခြင်း၊ အစည်းအဝေးဆုံးဖြတ်ချက်များနှင့် အဖွဲ့အစည်း၏ ထုတ်ပြန်ချက်များအား ထိန်းသိမ်းပေးခြင်းနှင့် အဖွဲ့၏ လုပ်ထုံးလုပ်နည်းများကို သတ်မှတ်လုပ်ဆောင်ပေးသည်။

  • ဒုတိယ ဥက္ကဋ္ဌ

    ဦးကြည်ဝင်း

    အဖွဲ့အစည်းနှင့် အဖွဲ့ဝင်များ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံပွဲများနှင့် အလုပ်ရုံဆွေးနွေးပွဲများ စီစဉ်ဆောင်ရွက်ပေးသည်။

  • အမှုဆောင်အရာရှိချုပ်

    ဦးဇော်ထူးအောင်

    အဖွဲ့အစည်း၏ အကျိုးစီးပွားတိုးတက်ရေးအတွက် ပြည်တွင်းပြည်ပ အဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ မူပိုင်ခွင့်ဆိုင်ရာ ရပိုင်ခွင့်နှင့် အကျိုးခံစားခွင့်များ ညှိနှိုင်းဆောင်ရွက်သည်။

  • အတွင်းရေးမှူး

    ဦးလှဌေး

    အဖွဲ့ဝင်များ၏ ရပိုင်ခွင့်အကျိုးစီးပွား နစ်နာမှုများ ဖြေရှင်းရာတွင် ဥက္ကဋ္ဌအား ကူညီပံ့ပိုးခြင်းနှင့် အဖွဲ့၏ ဘဏ္ဍာရေးဆိုင်ရာ ရန်ပုံငွေရှာခြင်းတို့ကို ဆောင်ရွက်သည်။

  • ဘဏ္ဍာရေးမှူး

    ဒေါ်နီလာမြင့်

    MMCO ၏ ငွေကြေးများအား စနစ်တကျ စီမံခန့်ခွဲထိန်းသိမ်းခြင်း၊ ငွေသွင်းငွေထုတ် လုပ်ငန်းများ စနစ်တကျဖြစ်စေရန် ဆောင်ရွက်ခြင်းနှင့် လစဉ် ဘဏ္ဍာရေးရှင်းတမ်း တင်ပြသည်။

  • စာရင်းစစ်

    ဦးအင်း

    ရငွေ၊ သုံးငွေများအား ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ မှန်ကန်စွာ စစ်ဆေးခြင်းနှင့် သုံးလ တစ်ကြိမ် စစ်ဆေးတွေ့ရှိချက်များကို တင်ပြသည်။

  • ပြန်ကြားရေးမှူး

    ဦးမောင်မောင်ထွေး

    အစည်းအဝေးမှတ်တမ်းများ ထိန်းသိမ်းခြင်း၊ ဆုံးဖြတ်ချက်များကို သက်ဆိုင်သူများထံ အချိန်မီ ပြန်ကြားပေးခြင်းနှင့် မီဒီယာမေးမြန်းချက်များကို ဖြေကြားသည်။

  • နိုင်ငံတကာဆက်ဆံရေးမှူး

    ဦးမျိုးဆွေ

    ပြည်ပနိုင်ငံများတွင် ကျင့်သုံးဆောင်ရွက်လျက်ရှိသော ပုံစံများနှင့် အချက်အလက်များအား ဆက်သွယ်ရယူခြင်းနှင့် နိုင်ငံတကာလုပ်ငန်းအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်သည်။

ရုံးလုပ်ငန်းအဖွဲ့

  • စာရင်းကိုင်

    ဒေါ်မြကေသီဟံ

    MMCO နှင့် ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့များထံမှ ရရှိလာသော အနုပညာကြေးများအား စိစစ်ခြင်း၊ ခွဲဝေပေးခြင်းနှင့် စနစ်တကျ စီမံထိန်းသိမ်းသည်။

  • ရုံးလုပ်ငန်း

    ဒေါ်သီတာ

    အဖွဲ့ဝင်အသစ်လက်ခံခြင်း၊ အဖွဲ့ဝင်များနှင့်ပတ်သက်သော စာရွက်စာတမ်းများ ထိန်းသိမ်းခြင်းနှင့် အစည်းအဝေးများ စီစဉ်ပေးခြင်းတို့ကို ဆောင်ရွက်သည်။

ဘုတ်အဖွဲ့ ဖွဲ့စည်းပုံ

ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း အခန်း (၅) အရ ဘုတ်အဖွဲ့ကို အောက်ပါအတိုင်း (၁၁) ဦးဖြင့် ဖွဲ့စည်းသည်။

နာယက
၂ ဦး
ဥက္ကဋ္ဌ
၁ ဦး
ဒု-ဥက္ကဋ္ဌ
၁ ဦး
အတွင်းရေးမှူး
၁ ဦး
ဘဏ္ဍာရေးမှူး
၁ ဦး
စာရင်းစစ်
၁ ဦး
ပြန်ကြားရေးမှူး
၁ ဦး
နိုင်ငံတကာဆက်ဆံရေးမှူး
၁ ဦး
အဖွဲ့ဝင်
၂ ဦး
စုစုပေါင်း
၁၁ ဦး